·လွမ်းတေး
·Artist - ဘိုဖြူ (bo Phyu)
·လွမ်းတေး
·ဆို-ဘိုဖြူ
·----Intro----
·မကြုံချင်တာတွေလဲ
·မယုံကြည်နိုင်လောက်အောင်
·ကြုံကိုကြုံဖြစ်တယ်ဆိုဘဲ
·အချစ်ကြီးလွန်းခဲ့ရင်
·မကြာခင်မှာအဆင်အမြဲ
·ကွဲသွားရတတ်တယ်တဲ့
·ပူပင်တာတွေတော့
·ပူပင်ကြရိုးပေါ့
·ထာဝစဉ်တော့တွေးငိုမနေနဲ့
·မင်းကလေးရဲ့မျက်ရည်တွေ
·ပျိုရွယ်နေလေတုန်း
·အားလုံးမခန်းသင့်ပါဘူးကွယ်
·အားတင်းထားစမ်းပါ အချစ်ကလေးရယ်
·အားတင်းထားစမ်းပါ အချစ်ကလေးရယ်
·ကုန်လွန်တာတွေတော့ လွန်ပါစေတော့
·ကျန်နေတာတွေက ကျန်ကာနေစဲ
·လာမှာတွေကလည်း ရှိသေးတယ်
·ပျော်ရွှင်စရာကြုံလည်း
·နှစ်ကိုယ်တူကြည်နူးဖို့
·ကိုယ်မလာနိုင်တော့ပြီမေရယ်
·စိတ်ညစ်တဲ့အခိုက်လည်း
·ဟိုအရင်လိုမင်းအနား
·အားပေးဖို့မရောက်နိုင်တော့တယ်
·တကယ်ကြင်နာနိုင်မဲ့
·ကိုယ်လိုလူတယောက်တော့
·ကြင်ဖော်ဖက်ရွေးချယ်ပါကွယ်
·မိန်းခလေးတယောက်ထဲတော့
·ဒီလူဒီသူတွေကြား
·ထားခဲ့ရ စိတ်မချဘူးကွယ်
·စဉ်းစားပြီးလုပ်ပါ အချစ်ကလေးရယ်
·စဉ်းစားပြီးလုပ်ပါ အချစ်ကလေးရယ်
·ကုန်လွန်တာတွေတော့ လွန်ပါစေတော့
·ကျန်နေတာတွေက ကျန်ကာနေစဲ
·လာမှာတွေကလည်း ရှိသေးတယ်
·---- Solo ----
·အားတင်းထားစမ်းပါ အချစ်ကလေးရယ်
·အားတင်းထားစမ်းပါ အချစ်ကလေးရယ်
·ကုန်လွန်တာတွေတော့ လွန်ပါစေတော့
·ကျန်နေတာတွေက ကျန်ကာနေစဲ
·လာမှာတွေကလည်း ရှိသေးတယ်
·ပျော်ရွှင်စရာကြုံလည်
·နှစ်ကိုယ်တူကြည်နူးဖို့
·ကိုယ်မလာနိုင်တော့ပြီမေရယ်
·စိတ်ညစ်တဲ့အခိုက်လည်း
·ဟိုအရင်လိုမင်းအနား
·အားပေးဖို့မရောက်နိုင်တော့တယ်
·တကယ်ကြင်နာနိုင်မဲ့
·ကိုယ်လိုလူတယောက်တော့
·ကြင်ဖော်ဖက် ရွေးချယ်ပါကွယ်
·မိန်းခလေးတယောက်ထဲတော့
·ဒီလူဒီသူတွေကြား
·ထားခဲ့ရ စိတ်မချဘူးကွယ်
·စဉ်းစားပြီးလုပ်ပါ အချစ်ကလေးရယ်
·စဉ်းစားပြီးလုပ်ပါ အချစ်ကလေးရယ်
·ကုန်လွန်တာတွေတော့ လွန်ပါစေတော့
·ကျန်နေတာတွေက ကျန်ကာနေစဲ
·လာမှာတွေကလည်း ရှိသေးတယ်
·---- thank you ----