·Intro: /D /C /G /D /
·V1. ကားကလေးတွေအစီအရီ ·စီးသွားကြတယ်
·လမ်းမမှာမင်းငေးမနေနဲ့ကလေးရယ်
·မကြားဝံ့မနာသာ ·ပြောသွားကြမယ်
·ရွှေလင်ဗန်းနဲ့ အချင်းဆေးသူ
·လူမှုရေးကျ ညံ့တတ်တယ်
·Cho: လူဆိုတာမွေးလာကတည်းက
·အခွင့်အရေးချင်း ကွာခြား
·ကြယ်မြင်တဲ့အမိုးငယ်အောက်က
·ကိုယ်စဥ်းစားအခါခါ·
·သူများတွေ အဖို့ရာ ·ဘဝဆိုတာ
·သိပ်ပြီးတော့များ ·လွယ်ကူနေသလား ·
·V2. ငါးပြားတန်အကြော်လည်း
·မရောင်းတော့ဘူးတဲ့
·ဝမ်းဝဖို့အရေးရုန်းကန်ဦးကလေးရယ်
·ခါးလှဖို့ဆိုတာ စိတ်ကူးတစ်ခုပဲ
·ရွှေလင်ဗန်းရှင်လမင်းရယ်
·မြင်ပေမယ့်လည်း ဝေးလှတယ်
·Cho: ထီဆိုတာပေါက်နိုင်ဖို့ ထီလက်မှတ်လိုတယ်
·ငွေဆိုတာ ပိုက်ဆံနဲ့ခေါ်မှရတယ်
·ကူမယ့်သူရှိရင် ဘဝဆိုတာ
·ဒီထက်တော့များလွယ်ကူလေမလား
·V3. မိုးချုပ်ကနေဝင်နေ့တွက်ကြည့်ရင်
·မနက်တွက်တစ်နပ်ကင်းလို့နေမြဲကလေးရယ်
·ကြိုးစားဖို့အရာတောင်အားမရှိတော့တယ်
·မှန်မှန်လုပ်ပြီး အရိုးဝါးသူ
·တစ်ခါတလေအသားဟင်းတောင့်တတယ်
·ချောင်မှာနှစ်ယောက်တည်းဖက်ပြီး
·ငိုတဲ့ရက်များ
·အမှောင်မှာနေပြီးအမိုက်ထဲ
·ရောက်သွားဖို့ မခက်ပါ အူမ,မတောင့်ရင် ဘဝဆိုတာ
·သီလတွေစောင့်ဖို့ လွယ်ကူနိုင်မလား
·မြက်ဟောင်းကိုမွှေရင်အပုပ်နံ့ထွက်မယ်
·တရားနဲ့သာတို့စိတ်ဖြေစို့ကလေးရယ်
·ထွက်ပေါက်ကိုမရှာဘူး
·ရောက်တော့တွေ့မယ်
·လူတွေမကောင်းကြောင်းပြောမယ့်အစား
·နက်ဖြန်အကြောင်းပဲပြောကြမယ်
·ရင်မှာလေအကောင်းဆုံးအတွက်
·မျှော်လင့်ချက်ပိုက်ထားကာရယ်
·အပြင်မှာလေအဆိုးဆုံးအတွက်
·အဆင်သင့်ပြင်ထားရမယ်
·တကယ်အကျနာလွန်းရင်ဘဝဆိုတာ
·နလံထဖို့အရေး လွယ်ကူပါ့မလား
·အားလုံးကိုကျေးဇူးတင်ပါသည်။