·အချစ်ဆံုး ရင်သွေးငယ်
·Artist - Nan Mway Ngon
·အချစ်ဆံုး ရင်သွေးငယ်
·Nan Mway Ngon
·==============
·ချစ်ရတဲ့ရင်သွေးငယ်တွေ
·ကျောခိုင်းလို့တစ်နယ်ခြားရပ်မှာ
·အမိမြေကိုမင်းမေ့နေပြီလား
·ခလေးရေ
·တစ်ပါးသူရဲ့စကားနဲ.
·သူတို့အဝတ်အစားကို
·ဝတ်ဆင်ခံုမင်ခြင်းဟာ
·ဒေါင်းယောင်ဆောင်သောကျီးကန်းလို
·တစ်နေ့ကျရင်တော့
·အရှက်ကွဲရမယ်နော်
·အို သျှမ်းအမျိုးရင်သွေးငယ်
·သိပ်ချစ်ရချည်ရဲ့ ခလေးရယ်
·ပြေားပါကွယ်ရိုးရာစကားကို
·မမေ့ပါနဲ့ ယဉ်ကျေးမှုကိုနော်
·အမေမှာချင်တယ်
·ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထား
·ပန်းရိုင်းတစ်ပွန့်လိုဆင်မြန်းထား
·ရှုပ်ပွေတဲ့လောကကြီးအလယ်မှာ
·အမြဲသတိထားနေသင့်တယ်
·နေ့ရက်တွေကြာညောင်းပါပြီ
·တစ်ခေါက်လောက်တောင်
·ပြန်လှည့်မကြည့်ပါ
·အမေ့ရင်မှာအလွမ်းမီးလောင်ပါပြီ
·ခလေးရေ
·နေ့စဉ်ငိုကြွေးလို့ပြန်လာမဲ့လမ်းခရီးဟာ
·စောင့်မျော်နေသူအမေကို
·သတိရရဲ့လား မေးစမ်းချင်
·မွေးရပ်မြေကိုပြန်ခဲ့ဉီးမှာလား
·အို သျှမ်းအမျိုးရင်သွေးငယ်
·သိပ်ချစ်ရချည်ရဲ့ ခလေးရယ်
·ပြေားပါကွယ်ရိုးရာစကားကို
·မမေ့ပါနဲ့ ယဉ်ကျေးမှုကိုနော်
·အမေမှာချင်တယ်
·ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထား
·ပန်းရိုင်းတစ်ပွန့်လိုဆင်မြန်းထား
·ရှုပ်ပွေတဲ့လောကကြီးအလယ်မှာ
·အမြဲသတိထားနေသင့်တယ်
·=== tai Music ===
·မင်းလေးရဲ့စကားသံနဲ့
·မင်းလေးရဲ့အပြုံးမျက်နာ
·ကြားမြင်ယောင်အသဲထဲမှာကျန်နေဆဲပဲ
·မင်းဘယ်ဆီအရပ်ကသူများမေးတဲ့အခါ
·မင်းရဲ့ရင်မှာအနေခက်ပြီ
·အမေ့ရဲ့ရင်လည်းကျိုးရချည်
·မွှေးရပ်ဆီကိုပြန်လှမ်းခဲ့ပါတော့
·စွန့်ပစ်ထားတဲ့စကားကိုပြန်ပြောပါ
·ချွတ်ပစ်ထားတဲ့အဝတ်ကိုပြန်ဝတ်ပါ
·ကျောက်မျက်ရတနာထက်တန်ဖိုးကြီးတယ်
·သင်ဟာလေသျှမ်းရဲ့ရင်သွေး
·မေ့လို့မရပါ
·ဘယ်တော့မှ ပြန်လာခဲ့မလဲ
·ဘယ်ချိန်ဘယ်ခါကိုယ့်ရဲ့စကားကို
·ပြန်ပြောမှာလဲ
·ဘယ်ချိန်ဘယ်ခါကိုယ့်ရဲ့အဝတ်အစားကို
·ပြန်ဝတ်တော့မှာလဲ
·အိုး အချစ်ဆံုး
·သျှမ်းမြေရဲ့ရင်သွေးငယ်
·အို သျှမ်းအမျိုးရင်သွေးငယ်
·သိပ်ချစ်ရချည်ရဲ့ ခလေးရယ်
·ပြေားပါကွယ်ရိုးရာစကားကို
·မမေ့ပါနဲ့ ယဉ်ကျေးမှုကိုနော်
·အမေမှာချင်တယ်
·ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထား
·ပန်းရိုင်းတစ်ပွန့်လိုဆင်မြန်းထား
·ရှုပ်ပွေတဲ့လောကကြီးအလယ်မှာ
·အမြဲသတိထားနေသင့်တယ်
·=== Mai Song Kha ===
·=============
·အချစ်ဆုံး ရင်သွေးငယ်
·❤❤ solo ❤❤
·သင်ႁွင်ႉလႆႈၵေႃႈ
·ၸွႆႈႁွင်ႉပၼ်ထွမ်ႇၶႃႈၼႃ
·ဢမ်ႇႁွင်ႉလႆႈၵေႃႈဢမ်ႇပဵၼ်သင်ၶႃႈ
·တၢင်ႇဝႆႉႁႂ်ႈမီးၵိုၵ်းဢႅပ်ႉႁွင်ႉၵႂၢမ်း
·😊😊😊😊😊😊